系统之家提供 Windows 系统、Ghost 系统、驱动与常用软件的安全下载及安装教程。 后台管理
📢 欢迎访问系统之家!所有资源均经过安全检测。

၂၀၂၄ ခုနှစ် စက်တင်ဘာ ၃၀ ရက် ဘီဘီစီတိုက်ရိုက်သတင်းထုတ်လွှင့်ချက်

发布时间:2026-09-17 | 浏览:1
📥 下载地址(文章开头)
装机神器,可安装一切系统,纯净版,英文版,繁体版 ,精简版,原版等等等
ဂျပန်နိုင်ငံဘက်က မြန်မာနဲ့နှစ်နိုင်ငံဆက်ဆံရေး လျှော့ချတဲ့အနေနဲ့ တာဝန်ပြီးဆုံးလို့ ဂျပန်နိုင်ငံကို ပြန်လည်ထွက်ခွာသွားတဲ့ သံအမတ်ကြီး မစ္စတာ အီချီရို မာရုယာမ နေရာအတွက် သံတမန်တစ်ဦးကို ထပ်မံစေလွှတ်မှာမဟုတ်ဘူးဆိုတဲ့ သတင်းအပါအဝင် စက်တင်ဘာ ၃၀ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။ သံတမန်ဆက်ဆံရေးလျှော့ချတဲ့အနေနဲ့ မြန်မာကို ဂျပန်သံအမတ်အသစ်စေလွှတ်မှာမဟုတ်တော့ လမ်းဆုံမြို့ဖြစ်တဲ့ မိတ္ထီလာကို နေပြည်တော်လိုလုပ်မယ်လို့ စစ်ခေါင်းဆောင်ပြော တစ်လအတွင်း လားရှိုးမြို့ပေါ်ကို လေကြောင်းဗုံး ၉ ကြိမ်ကြဲချခံရ စစ်တပ်က မင်းတပ်ကို ၂ လအတွင်း လေကြောင်းကနေ အကြိမ် ၄၀ ကျော်ဗုံးကြဲ တရုတ်အလိုရှိတဲ့ ချန်တာဝေ့အပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ဆယ်နဲ့ချီကို စစ်တပ်က တရုတ်ကိုလွှဲပေး ဦးဇခုန်တိန့်ယိန်းရဲ့ ကချင်အထူးဒေသ ၁ ထဲက ချီဖွေမြို့ကို ကေအိုင်အေသိမ်း လောင်းလုံမြို့နယ်ထဲ စစ်ကြောင်းထိုးလို့ ရွာ ၆ ရွာက ဒေသခံ ၁၅၀၀၀ ဝန်းကျင်တိမ်းရှောင်ကြရ မတ္တရာမြို့နယ်၊ဧရာဝတီမြစ်ကြောင်းတလျှောက်က PDF စခန်းတွေတိုက်ခံရ တိုက်ရိုက် ထုတ်လွှင့်ချက် ၃၀ စက်တင်ဘာ ၂၀၂၄ ဘီဘီစီမြန်မာပိုင်းရဲ့ စက်တင်ဘာ ၃၀ ရက် သတင်းများထုတ်လွှင့်တင်ဆက်မှု ဒီမှာတင်ပြီးဆုံးပါပြီ။ ဘီဘီစီသတင်းတွေကိုဖတ်ရှုပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ ၃၀ စက်တင်ဘာ ၂၀၂၄ ဘီဘီစီမြန်မာပိုင်းရဲ့ စက်တင်ဘာ ၃၀ ရက် သတင်းများထုတ်လွှင့်တင်ဆက်မှု ဒီမှာတင်ပြီးဆုံးပါပြီ။ ဘီဘီစီသတင်းတွေကိုဖတ်ရှုပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ ၃၀ စက်တင်ဘာ ၂၀၂၄ မတ္တရာမြို့နယ်ထဲက PDF ရှိတဲ့ကျေးရွာတွေကိုစစ်ကောင်စီ ဝင်ရောက်စီးနင်း ဓာတ်ပုံ ရင်းမြစ်, MOI ဓာတ်ပုံ ပုံစာ, စစ်ကောင်စီက ဝင်စီးခဲ့တယ်ဆိုတဲ့ မတ္တရာနယ်ထဲက ဘုန်းကြီးကျောင်းရှိ ဘန်ကာတစ်ခု မတ္တရာမြို့နယ်၊ ဧရာဝတီမြစ်ကြောင်းတလျှောက်မှာ လှုပ်ရှားနေတဲ့ PDF ရှိတဲ့ကျေးရွာတွေကိုဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ စစ်ကောင်စီက စက်တင်ဘာ ၃၀ ရက်မှာ ထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၂၀ရက်ကစပြီး သတင်းပေးရှိလို့ ဒီနေရာတွေကို တိုက်ခိုက်ခဲ့တယ်လို့လည်း စစ်ကောင်စီထုတ်ပြန်ချက်အရ နားလည်ပါတယ်။ ဒီနယ်ထဲမှာ အခြေချနေတဲ့ PDF တွေဟာ မြစ်ကြောင်းတလျှောက် ကုန်သွယ်ရေးအတွက်သွားလာနေတဲ့ ရေယာဉ်တွေကို ကုန်စည်စီးဆင်းတာပြတ်တောက်ဖို့ နဲ့ ငွေကြေးအတွက် ဆက်ကြေးတောင်းဖို့ လက်နက်ကြီး၊လက်နက် ငယ်တွေနဲ့ ပစ်ခတ်နေတယ်လို့ စစ်ကောင်စီကစွပ်စွဲပါတယ်။ မတ္တရာမြို့နယ်အတွင်းက သုံးဆယ်ပေးရွာဘုန်းကြီးကျောင်းနဲ့စာသင်ကျောင်းတွေမှာလည်း PDFတွေတပ်ချနေထိုင်ခဲ့တဲ့ အသုံးအဆောင်၊ လူနေအိမ်တွေကိုအကာအကွယ်ယူထားတဲ့ သဲအိတ်ဘန်ကာ၊ဆက်သွယ်ရေးမြောင်းနဲ့ ပစ်ကျင်းတွေကို တွေ့ရတယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်မှာပြောထားပါတယ်။ နောက်ထပ်ရွာတွေဖြစ်တဲ့ ကုန်းတန်းလေး၊ကုန်းတန်းကြီးနဲ့ ဘိုကုန်းအပါအဝင် ရွာပေါင်း ၁၀ ရွာမှာလည်း PDF တွေထောင်ထားခဲ့တဲ့ လက်လုပ်မိုင်းတွေ သိမ်းဆည်းရမိတယ်လို့ ဆိုထားပါသေးတယ်။ ၂၀၂၁ ခုနှစ်ကနေ လက်ရှိအချိန်ထိ ခရီးသွားသ‌င်္ဘောနဲ့ ကုန်စည်တင်သင်္ဘောတွေကိုလည်း ၁၄၆ ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ PDFကိုစွပ်စွဲထားပါတယ်။ စခန်းတွေတိုက်ခံရတဲ့အခြေအနေနဲ့ပတ်သတ်လို့ မတ္တရာနယ်ထဲက ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကို ဘီဘီစီက ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရသေးပါဘူး။ တဖက်မှာလည်း ပြီးခဲ့တဲ့ ရက်အတွင်းစစ်ကောင်စီက မတ္တရာမြို့နယ်၊ သုံးဆယ်ပေးရွာနဲ့ ပတ်ဝန်းကျင်ရွာတွေကို ဝင်ရောက်စီးနင်းချိန်အတွင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၆ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကိုဖြေထားပါတယ်။ ဓာတ်ပုံ ရင်းမြစ်, MOI ဓာတ်ပုံ ပုံစာ, မတ္တရာမြို့နယ်ထဲက ကျေးရွာတစ်ခုမှာ PDF ထောင်ခဲ့တယ်လို့ စစ်ကောင်စီပြောတဲ့ လက်လုပ်မိုင်း ၃၀ စက်တင်ဘာ ၂၀၂၄ မတ္တရာမြို့နယ်ထဲက PDF ရှိတဲ့ကျေးရွာတွေကိုစစ်ကောင်စီ ဝင်ရောက်စီးနင်း ဓာတ်ပုံ ရင်းမြစ်, MOI မတ္တရာမြို့နယ်၊ ဧရာဝတီမြစ်ကြောင်းတလျှောက်မှာ လှုပ်ရှားနေတဲ့ PDF ရှိတဲ့ကျေးရွာတွေကိုဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ စစ်ကောင်စီက စက်တင်ဘာ ၃၀ ရက်မှာ ထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၂၀ရက်ကစပြီး သတင်းပေးရှိလို့ ဒီနေရာတွေကို တိုက်ခိုက်ခဲ့တယ်လို့လည်း စစ်ကောင်စီထုတ်ပြန်ချက်အရ နားလည်ပါတယ်။ ဒီနယ်ထဲမှာ အခြေချနေတဲ့ PDF တွေဟာ မြစ်ကြောင်းတလျှောက် ကုန်သွယ်ရေးအတွက်သွားလာနေတဲ့ ရေယာဉ်တွေကို ကုန်စည်စီးဆင်းတာပြတ်တောက်ဖို့ နဲ့ ငွေကြေးအတွက် ဆက်ကြေးတောင်းဖို့ လက်နက်ကြီး၊လက်နက် ငယ်တွေနဲ့ ပစ်ခတ်နေတယ်လို့ စစ်ကောင်စီကစွပ်စွဲပါတယ်။ မတ္တရာမြို့နယ်အတွင်းက သုံးဆယ်ပေးရွာဘုန်းကြီးကျောင်းနဲ့စာသင်ကျောင်းတွေမှာလည်း PDFတွေတပ်ချနေထိုင်ခဲ့တဲ့ အသုံးအဆောင်၊ လူနေအိမ်တွေကိုအကာအကွယ်ယူထားတဲ့ သဲအိတ်ဘန်ကာ၊ဆက်သွယ်ရေးမြောင်းနဲ့ ပစ်ကျင်းတွေကို တွေ့ရတယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်မှာပြောထားပါတယ်။ နောက်ထပ်ရွာတွေဖြစ်တဲ့ ကုန်းတန်းလေး၊ကုန်းတန်းကြီးနဲ့ ဘိုကုန်းအပါအဝင် ရွာပေါင်း ၁၀ ရွာမှာလည်း PDF တွေထောင်ထားခဲ့တဲ့ လက်လုပ်မိုင်းတွေ သိမ်းဆည်းရမိတယ်လို့ ဆိုထားပါသေးတယ်။ ၂၀၂၁ ခုနှစ်ကနေ လက်ရှိအချိန်ထိ ခရီးသွားသ‌င်္ဘောနဲ့ ကုန်စည်တင်သင်္ဘောတွေကိုလည်း ၁၄၆ ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ PDFကိုစွပ်စွဲထားပါတယ်။ စခန်းတွေတိုက်ခံရတဲ့အခြေအနေနဲ့ပတ်သတ်လို့ မတ္တရာနယ်ထဲက ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကို ဘီဘီစီက ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရသေးပါဘူး။ တဖက်မှာလည်း ပြီးခဲ့တဲ့ ရက်အတွင်းစစ်ကောင်စီက မတ္တရာမြို့နယ်၊ သုံးဆယ်ပေးရွာနဲ့ ပတ်ဝန်းကျင်ရွာတွေကို ဝင်ရောက်စီးနင်းချိန်အတွင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၆ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကိုဖြေထားပါတယ်။ ဓာတ်ပုံ ရင်းမြစ်, MOI ၃၀ စက်တင်ဘာ ၂၀၂၄ လောင်းလုံမြို့နယ်ထဲ စစ်ကြောင်းထိုးလို့ ရွာ ၆ ရွာက ဒေသခံသောင်းနဲ့ချီတိမ်းရှောင်ကြရ ဓာတ်ပုံ ရင်းမြစ်, တနင်္သာရီတိုင်းစစ်ဌာန ဓာတ်ပုံ ပုံစာ, ၂၀၂၄ခုနှစ်၊ စက်တင်ဘာလအတွင်း တနင်္သာရီတိုင်း၊‌ရေဖြူမြို့နယ်၊ဘူချိုင်းရွာစစ်ကြောင်းထိုးခံရလို့ တိမ်းရှောင်ရတဲ့ ရွာသားတွေ (ပုံဟောင်း) တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်ထဲက ရွာတွေကို စစ်တပ်က စက်တင်ဘာလအတွင်း ခပ်စိပ်စိပ်စစ်ကြောင်းထိုးနေတာကြောင့်ဒေသခံ ၁၅,၀၀၀ (တစ်သောင်းခွဲ) ဝန်းကျင်ဟာ ထားဝယ်မြို့ပေါ်အပါအဝင် နီးစပ်ရာကိုတိမ်းရှောင်နေကြရတယ်လို့ တနင်္သာရီတိုင်းစစ်ဌာန ပြောရေးဆိုခွင့်ရှိသူက ဘီဘီစီကိုပြောပါတယ်။ ထားဝယ်ရေနက်ဆိပ်ကမ်းဝန်းကျင်က မောင်းမကန်ရွာ၊ကျောက်ဆင်ရွာ၊သဘော့ဆိပ်ရွာ၊ပြင်ကြီးရွာ၊ကရင်ကြီးရွာ နဲ့ ကမ်းပနီရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ ရွာတွေထဲက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေလုပ်နေတယ်လို့လည်း ဆိုပါတယ်။ “မောင်းမကန်ရွာ၊ကံယုံဘုန်းကြီးကျောင်းမှာ တပ်စွဲခဲ့တဲ့ စစ်တပ်က ပြည်သူ ၃ ဦးကို သတ်ပြီး ရေတွင်းထဲပစ်ချခဲ့တာ ဒီလ ၂၇ ရက်မှ အလောင်းပြန်ပေါ်လာတယ်”လို့ တိုင်းစစ်ဌာန ပြောရေးဆိုခွင့်ရှိသူက စက်တင်ဘာ ၃၀ ရက်မှာ ဘီဘီစီကိုပြောပါတယ်။ ဒေသတွင်းသတင်းဌာနတနင်္သာရီတိုင်းမ် ကတော့ စက်တင်ဘာ ဒုတိယပတ်လောက်က လောင်းလုံးမြို့နယ်၊ မောင်းမကန်ရွာခံ ဆယ်ဦးထက်မနည်းကို စစ်တပ်ကဖမ်းဆီးခဲ့ပြီး အဲဒီထဲက ၃ ဦးကတော့ သတ်ဖြတ်ခံရကာ ရေတွင်းဟောင်းထဲစွန့်ပစ်ခံခဲ့ရတယ်လို့ ဒေသခံတွေကပြောကြောင်း ဖော်ပြထားပါတယ်။ အဲဒီသတ်ဖြတ်ခံရတဲ့ မောင်းမကန်ရွာခံ ကိုမျိုးမျိုး၊ ကိုကမ်းကမ်း‌၊ ကိုပေါ်ထွန်း တို့ရဲ့ ရုပ်အလောင်းတွေကို ကံယုံဘုန်းကြီးကျောင်းအနီးက ရေတွင်းထဲမှာ စက်တင်ဘာ ၂၇ ရက်က ပြန်တွေ့ခဲ့တာလို့ဆိုပါတယ်။ အဖမ်းခံရတဲ့ အရပ်သားတွေထဲက တချို့ ပြန်လွတ်လာပြီဖြစ်ပြီး တချို့ကတော့ မောင်းမကန်ရွာအခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ(၁၀၄)တပ်ရင်းမှာ အဖမ်းခံထားရတယ်လို့လည်း ဒေသခံတွေရဲ့ ပြောပြချက်ကို ကိုးကားပြီး တနင်္သာရီတိုင်းမ် ကဖော်ပြထားပါတယ်။ တနင်္သာရီတိုင်းထဲမှာ စစ်ရေးလှုပ်ရှားနေတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့နဲ့မဟာမိတ်တပ်တွေကတော့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်တာနဲ့လမ်းမှာဖြတ်တိုက်တာတွေ လုပ်နေတယ်လို့ တိုင်းစစ်ဌာန ပြောရေးဆိုခွင့်ရှိသူက ဘီဘီစီကို ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းမှာတော့ စစ်ကောင်စီရဲ့ လေကြောင်း၊လက်နက်ကြီးနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် တနင်္သာရီတိုင်းထဲက အရပ်သားပြည်သူ ၁၇ ဦး သေဆုံးခဲ့တယ်လို့ တနင်္သာရီတိုင်းစစ်ဌာနရဲ့ အချက်အလက်အရ သိရပါတယ်။ ၃၀ စက်တင်ဘာ ၂၀၂၄ လောင်းလုံမြို့နယ်ထဲ စစ်ကြောင်းထိုးလို့ ရွာ ၆ ရွာက ဒေသခံသောင်းနဲ့ချီတိမ်းရှောင်ကြရ ဓာတ်ပုံ ရင်းမြစ်, တနင်္သာရီတိုင်းစစ်ဌာန တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်ထဲက ရွာတွေကို စစ်တပ်က စက်တင်ဘာလအတွင်း ခပ်စိပ်စိပ်စစ်ကြောင်းထိုးနေတာကြောင့်ဒေသခံ ၁၅,၀၀၀ (တစ်သောင်းခွဲ) ဝန်းကျင်ဟာ ထားဝယ်မြို့ပေါ်အပါအဝင် နီးစပ်ရာကိုတိမ်းရှောင်နေကြရတယ်လို့ တနင်္သာရီတိုင်းစစ်ဌာန ပြောရေးဆိုခွင့်ရှိသူက ဘီဘီစီကိုပြောပါတယ်။ ထားဝယ်ရေနက်ဆိပ်ကမ်းဝန်းကျင်က မောင်းမကန်ရွာ၊ကျောက်ဆင်ရွာ၊သဘော့ဆိပ်ရွာ၊ပြင်ကြီးရွာ၊ကရင်ကြီးရွာ နဲ့ ကမ်းပနီရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ ရွာတွေထဲက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေလုပ်နေတယ်လို့လည်း ဆိုပါတယ်။ “မောင်းမကန်ရွာ၊ကံယုံဘုန်းကြီးကျောင်းမှာ တပ်စွဲခဲ့တဲ့ စစ်တပ်က ပြည်သူ ၃ ဦးကို သတ်ပြီး ရေတွင်းထဲပစ်ချခဲ့တာ ဒီလ ၂၇ ရက်မှ အလောင်းပြန်ပေါ်လာတယ်”လို့ တိုင်းစစ်ဌာန ပြောရေးဆိုခွင့်ရှိသူက စက်တင်ဘာ ၃၀ ရက်မှာ ဘီဘီစီကိုပြောပါတယ်။ ဒေသတွင်းသတင်းဌာနတနင်္သာရီတိုင်းမ် ကတော့ စက်တင်ဘာ ဒုတိယပတ်လောက်က လောင်းလုံးမြို့နယ်၊ မောင်းမကန်ရွာခံ ဆယ်ဦးထက်မနည်းကို စစ်တပ်ကဖမ်းဆီးခဲ့ပြီး အဲဒီထဲက ၃ ဦးကတော့ သတ်ဖြတ်ခံရကာ ရေတွင်းဟောင်းထဲစွန့်ပစ်ခံခဲ့ရတယ်လို့ ဒေသခံတွေကပြောကြောင်း ဖော်ပြထားပါတယ်။ အဲဒီသတ်ဖြတ်ခံရတဲ့ မောင်းမကန်ရွာခံ ကိုမျိုးမျိုး၊ ကိုကမ်းကမ်း‌၊ ကိုပေါ်ထွန်း တို့ရဲ့ ရုပ်အလောင်းတွေကို ကံယုံဘုန်းကြီးကျောင်းအနီးက ရေတွင်းထဲမှာ စက်တင်ဘာ ၂၇ ရက်က ပြန်တွေ့ခဲ့တာလို့ဆိုပါတယ်။ အဖမ်းခံရတဲ့ အရပ်သားတွေထဲက တချို့ ပြန်လွတ်လာပြီဖြစ်ပြီး တချို့ကတော့ မောင်းမကန်ရွာအခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ(၁၀၄)တပ်ရင်းမှာ အဖမ်းခံထားရတယ်လို့လည်း ဒေသခံတွေရဲ့ ပြောပြချက်ကို ကိုးကားပြီး တနင်္သာရီတိုင်းမ် ကဖော်ပြထားပါတယ်။ တနင်္သာရီတိုင်းထဲမှာ စစ်ရေးလှုပ်ရှားနေတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့နဲ့မဟာမိတ်တပ်တွေကတော့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်တာနဲ့လမ်းမှာဖြတ်တိုက်တာတွေ လုပ်နေတယ်လို့ တိုင်းစစ်ဌာန ပြောရေးဆိုခွင့်ရှိသူက ဘီဘီစီကို ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းမှာတော့ စစ်ကောင်စီရဲ့ လေကြောင်း၊လက်နက်ကြီးနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် တနင်္သာရီတိုင်းထဲက အရပ်သားပြည်သူ ၁၇ ဦး သေဆုံးခဲ့တယ်လို့ တနင်္သာရီတိုင်းစစ်ဌာနရဲ့ အချက်အလက်အရ သိရပါတယ်။ ၃၀ စက်တင်ဘာ ၂၀၂၄ ဦးဇခုန်တိန့်ယိန်းရဲ့ ကချင်အထူးဒေသ ၁ ထဲက ချီဖွေမြို့က နေရာအများစုကို ကေအိုင်အေထိန်းချုပ် ဓာတ်ပုံ ရင်းမြစ်, Getty Images ဓာတ်ပုံ ပုံစာ, ရှေ့တန်းက ပြန်လာကြတဲ့ ကေအိုင်အေတပ်ဖွဲ့ဝင်တွေ (ပုံဟောင်း) ကချင်အထူးဒေသ ၁ နယ်မြေထဲက ချီဖွေမြို့ကို စက်တင်ဘာ ၂၉ ရက် က ကချင်လွတ်လပ်ရေးတပ်- KIA နဲ့ PDF ပူးပေါင်းတပ်တွေက ထိန်းချုပ်လိုက်ပြီလို့ ကေအိုင်အေပြန်ကြား ရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဘီဘီစီကို ပြောပါတယ်။ အထူးဒေသ ၁ နယ်မြေထဲက ချီဖွေ နဲ့ဆော့လော် မြို့တွေမှာ ကေအိုင်အေပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းပြည်သူ့စစ်တပ်တွေကြားမှာတိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။ ကေအိုင်အေဘက်ကအ‌ပြောအရ ချီဖွေမြို့ပေါ် အပါအဝင် ပြည်သူ့စစ်စခန်း၊ ချီဖွေရဲစခန်း၊ ၄ မိုင်စုပေါင်းဂိတ်စခန်းအပါအဝင် စခန်းအများစုကို သိမ်းပိုက်ထားပြီး ခလရ ၁၀၅ ဗျူဟာကုန်းကို ဆက်တိုက်နေတယ်လို့ဆိုပါတယ်။ “မြို့ပေါ်ကို သိမ်းနိုင်ပြီးလို့ ပြောလို့ရပါတယ်။ ဒီနေ့မှာ ကျန်ရှိနေတဲ့စစ်တပ်ဗျူဟာကုန်းနဲ့စခန်းတွေကို ဆက်တိုက် နေပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ကချင်အထူးဒေသ ၁ နယ်မြေဟာ ပြည်သူ့စစ်ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းရဲ့ နယ်မြေဖြစ်ပြီး အဲဒီ ဒေသထဲဝင်လာတဲ့ ကေအိုင်အေ၊ပီဒီအက်ဖ်ကို ရန်သူအဖြစ်သတ်မှတ်ပြီး ပြတ်ပြတ်သားသား ခုခံကာကွယ်ကြဖို့ဆိုပြီး ၂၀၂၄ခုနှစ်၊ဇွန်လ ၇ ရက်မှာ စစ်မိန့်ထုတ်ထားတာဖြစ်ပါတယ်။ ဒီစစ်မိန့်ဟာ မထုတ်ပြန်သင့်တဲ့ စစ်မိန့်လို့ ကေအိုင်အေ ဗိုလ်ချုပ်ကြီး ဂွမ်မော်က အခုလ စက်တင်ဘာ ၁၀ ရက်မှာ တုံ့ပြန်ပြောဆိုထားပါတယ်။ ကေအိုင်အေက ဆော့လော်မှာရှိတဲ့ ခလရ ၂၉၈ ကိုလည်းတိုက်နေတာဖြစ်တဲ့အတွက် စက်တင်ဘာ ၃၀ ရက်ထိ ဒီကနေ့အထိ အဲဒီနယ်မြေထဲ နှစ်ဖက်တိုက်ပွဲတွေဆက်ရှိနေတယ်လို့ ကေအိုင်အေပြန်ကြားရေးတာဝန်ခံကပြောပါတယ်။ စစ်တပ်က ဝိုင်းမော်မြို့နယ်ထဲက ဒေသတချို့ နဲ့ ချီဖွေ၊ဆော့လော်၊ကန်ပိုက်တီဒေသတွေကို ကချင်အထူးဒေသ ၁ အဖြစ် ၁၉၈၉ ခုနှစ်မှာ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီနယ်မြေကို ကေအိုင်အေခွဲထွက်၊ ဦးဇခုန်တိန့်ယိန်းဦးဆောင်တဲ့ ကချင်ဒီမိုက‌ရေစီသစ်တပ်မတော် NDA-K ပြည်သူ့စစ်နယ်မြေအဖြစ်လည်း သိထားကြတာပါ။ လက်ရှိမှာတော့ NDA-K ကို ဦးဇခုန်တိန့်ယိန်းက နာယက၊ သားဖြစ်သူ ဦးဇခုန်ယိန်းဆောင်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူဦးဆောင်ထားကြပါတယ်။ ဓာတ်ပုံ ရင်းမြစ်, Getty Images ဓာတ်ပုံ ပုံစာ, ကချင်ဒီမိုက‌ရေစီသစ်တပ်မတော် NDA-K ပြည်သူ့စစ်ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်း (ပုံဟောင်း) ၃၀ စက်တင်ဘာ ၂၀၂၄ ဦးဇခုန်တိန့်ယိန်းရဲ့ ကချင်အထူးဒေသ ၁ ထဲက ချီဖွေမြို့က နေရာအများစုကို ကေအိုင်အေထိန်းချုပ် ဓာတ်ပုံ ရင်းမြစ်, Getty Images ကချင်အထူးဒေသ ၁ နယ်မြေထဲက ချီဖွေမြို့ကို စက်တင်ဘာ ၂၉ ရက် က ကချင်လွတ်လပ်ရေးတပ်- KIA နဲ့ PDF ပူးပေါင်းတပ်တွေက ထိန်းချုပ်လိုက်ပြီလို့ ကေအိုင်အေပြန်ကြား ရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဘီဘီစီကို ပြောပါတယ်။ အထူးဒေသ ၁ နယ်မြေထဲက ချီဖွေ နဲ့ဆော့လော် မြို့တွေမှာ ကေအိုင်အေပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းပြည်သူ့စစ်တပ်တွေကြားမှာတိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။ ကေအိုင်အေဘက်ကအ‌ပြောအရ ချီဖွေမြို့ပေါ် အပါအဝင် ပြည်သူ့စစ်စခန်း၊ ချီဖွေရဲစခန်း၊ ၄ မိုင်စုပေါင်းဂိတ်စခန်းအပါအဝင် စခန်းအများစုကို သိမ်းပိုက်ထားပြီး ခလရ ၁၀၅ ဗျူဟာကုန်းကို ဆက်တိုက်နေတယ်လို့ဆိုပါတယ်။ “မြို့ပေါ်ကို သိမ်းနိုင်ပြီးလို့ ပြောလို့ရပါတယ်။ ဒီနေ့မှာ ကျန်ရှိနေတဲ့စစ်တပ်ဗျူဟာကုန်းနဲ့စခန်းတွေကို ဆက်တိုက် နေပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ကချင်အထူးဒေသ ၁ နယ်မြေဟာ ပြည်သူ့စစ်ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းရဲ့ နယ်မြေဖြစ်ပြီး အဲဒီ ဒေသထဲဝင်လာတဲ့ ကေအိုင်အေ၊ပီဒီအက်ဖ်ကို ရန်သူအဖြစ်သတ်မှတ်ပြီး ပြတ်ပြတ်သားသား ခုခံကာကွယ်ကြဖို့ဆိုပြီး ၂၀၂၄ခုနှစ်၊ဇွန်လ ၇ ရက်မှာ စစ်မိန့်ထုတ်ထားတာဖြစ်ပါတယ်။ ဒီစစ်မိန့်ဟာ မထုတ်ပြန်သင့်တဲ့ စစ်မိန့်လို့ ကေအိုင်အေ ဗိုလ်ချုပ်ကြီး ဂွမ်မော်က အခုလ စက်တင်ဘာ ၁၀ ရက်မှာ တုံ့ပြန်ပြောဆိုထားပါတယ်။ ကေအိုင်အေက ဆော့လော်မှာရှိတဲ့ ခလရ ၂၉၈ ကိုလည်းတိုက်နေတာဖြစ်တဲ့အတွက် စက်တင်ဘာ ၃၀ ရက်ထိ ဒီကနေ့အထိ အဲဒီနယ်မြေထဲ နှစ်ဖက်တိုက်ပွဲတွေဆက်ရှိနေတယ်လို့ ကေအိုင်အေပြန်ကြားရေးတာဝန်ခံကပြောပါတယ်။ စစ်တပ်က ဝိုင်းမော်မြို့နယ်ထဲက ဒေသတချို့ နဲ့ ချီဖွေ၊ဆော့လော်၊ကန်ပိုက်တီဒေသတွေကို ကချင်အထူးဒေသ ၁ အဖြစ် ၁၉၈၉ ခုနှစ်မှာ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီနယ်မြေကို ကေအိုင်အေခွဲထွက်၊ ဦးဇခုန်တိန့်ယိန်းဦးဆောင်တဲ့ ကချင်ဒီမိုက‌ရေစီသစ်တပ်မတော် NDA-K ပြည်သူ့စစ်နယ်မြေအဖြစ်လည်း သိထားကြတာပါ။ လက်ရှိမှာတော့ NDA-K ကို ဦးဇခုန်တိန့်ယိန်းက နာယက၊ သားဖြစ်သူ ဦးဇခုန်ယိန်းဆောင်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူဦးဆောင်ထားကြပါတယ်။ ဓာတ်ပုံ ရင်းမြစ်, Getty Images ၃၀ စက်တင်ဘာ ၂၀၂၄ စစ်ကောင်စီရဲ့ နိုင်ငံရေးဆွေးနွေးမှု ဖိတ်ခေါ်မှု အပေါ် NUG သဘောထား ဘယ်လိုရှိလဲ စစ်ကောင်စီဟာ နိုင်ငံရေး လမ်းကြောင်း၊ ရွေးကောက်ပွဲ လမ်းကြောင်း ကနေ အဖြေရှာဖို့ သူတို့နဲ့ လက်ရှိ တိုက်ခိုက်နေတဲ့ အဖွဲ့တွေကို ဖိတ်ခေါ်တယ် ဆိုပြီး ထုတ်ပြန်ပါတယ်။ အဲဒီကြေညာချက်ထွက်ပြီး နောက်တစ်နေ့ မိုးမလင်းခင်မှာပဲ သူတို့ လက်လွှတ် ဆုံးရှုံးထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုးမြို့ကို ထပ်ပြီး ဗုံးကြဲတိုက်ခိုက်ပါတယ်။ ရွေးကောက်ပွဲ လမ်းကြောင်း၊ နိုင်ငံရေး လမ်းကြောင်းကနေ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းပါ ဆိုတဲ့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက် အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အနေနဲ့ရော ဘယ်လို သဘောထား၊ ရပ်တည်မှုမျိုး ရှိပါသလဲ။ ဘီဘီစီက ‌NUG နိုင်ငံခြား‌ရေးဝန်ကြီး ‌ဒေါ် ဇင်မာ‌အောင်ကို အွန်လိုင်းကနေ ဆက်သွယ် ‌မေးမြန်းထားပါတယ်။ အပြည့်အစုံကို ဒီလင့်ခ် ကနေ ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။ PDF အပါအဝင် ပြည်တွင်း လက်နက်ကိုင်တွေကို နိုင်ငံရေး‌‌ဆွေး‌နွေးဖို့ စစ်ကောင်စီ ဖိတ်ခေါ်ချက်ကို လက်နက်ကိုင်အဖွဲ့အသီးသီးရဲ့တုံ့ပြန်ချက်ကိုလည်း ဒီလင့် မှာ ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။ ၃၀ စက်တင်ဘာ ၂၀၂၄ စစ်ကောင်စီရဲ့ နိုင်ငံရေးဆွေးနွေးမှု ဖိတ်ခေါ်မှု အပေါ် NUG သဘောထား ဘယ်လိုရှိလဲ စစ်ကောင်စီဟာ နိုင်ငံရေး လမ်းကြောင်း၊ ရွေးကောက်ပွဲ လမ်းကြောင်း ကနေ အဖြေရှာဖို့ သူတို့နဲ့ လက်ရှိ တိုက်ခိုက်နေတဲ့ အဖွဲ့တွေကို ဖိတ်ခေါ်တယ် ဆိုပြီး ထုတ်ပြန်ပါတယ်။ အဲဒီကြေညာချက်ထွက်ပြီး နောက်တစ်နေ့ မိုးမလင်းခင်မှာပဲ သူတို့ လက်လွှတ် ဆုံးရှုံးထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုးမြို့ကို ထပ်ပြီး ဗုံးကြဲတိုက်ခိုက်ပါတယ်။ ရွေးကောက်ပွဲ လမ်းကြောင်း၊ နိုင်ငံရေး လမ်းကြောင်းကနေ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းပါ ဆိုတဲ့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက် အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အနေနဲ့ရော ဘယ်လို သဘောထား၊ ရပ်တည်မှုမျိုး ရှိပါသလဲ။ ဘီဘီစီက ‌NUG နိုင်ငံခြား‌ရေးဝန်ကြီး ‌ဒေါ် ဇင်မာ‌အောင်ကို အွန်လိုင်းကနေ ဆက်သွယ် ‌မေးမြန်းထားပါတယ်။ အပြည့်အစုံကို ဒီလင့်ခ် ကနေ ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။ PDF အပါအဝင် ပြည်တွင်း လက်နက်ကိုင်တွေကို နိုင်ငံရေး‌‌ဆွေး‌နွေးဖို့ စစ်ကောင်စီ ဖိတ်ခေါ်ချက်ကို လက်နက်ကိုင်အဖွဲ့အသီးသီးရဲ့တုံ့ပြန်ချက်ကိုလည်း ဒီလင့် မှာ ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။ ၃၀ စက်တင်ဘာ ၂၀၂၄ တရုတ်အလိုရှိတဲ့ ချန်တာဝေ့အပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ဆယ်နဲ့ချီကို စစ်တပ်က တရုတ်ကိုလွှဲပေး ဓာတ်ပုံ ရင်းမြစ်, WECHAT ဓာတ်ပုံ ပုံစာ, တရုတ်ဘက်ကထုတ်ပြန်တဲ့ တရားခံလွှဲပြောင်းမှု မှတ်တမ်း ရန်ကုန်နဲ့ မန္တလေးမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား တရားခံပြေး ချန်တာဝေ့နဲ့ ရန်လျန့် အပါအဝင် တရုတ်နိုင်ငံသားတရားခံ ၂၀ ဦးဖမ်းဆီးရမိခဲ့ပြီး တရုတ်နိုင်ငံဘက်ကို ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ စစ်ကောင်စီနဲ့ တရုတ်လုံခြုံရေးဌာနက ရုပ်သံမှတ်တမ်းနဲ့ ထုတ်ပြန်ပါတယ်။ တရားခံတွေကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်း ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံဘက်က လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လက် အရေးယူဆောင်ရွက်နိုင်အောင် စက်တင်ဘာ တတိယပတ်မှာ ပြန်လွှဲပေးခဲ့တာလို့ စစ်ကောင်စီထုတ်ပြန်ချက်မှာဆိုထားပါတယ်။ တရုတ်ဘက်က ထုတ်ပြန်တဲ့ ရုပ်သံမှတ်တမ်းတွေမှာတော့ မြန်မာစစ်ကောင်စီလုံခြုံရေးတပ်တွေဖြစ်တဲ့ စစ်တပ်၊ရဲ အပါအဝင် လဝကနဲ့ ထွေအုပ်က တာဝန်ရှိသူတွေက ပူး‌ပေါင်းလွှဲပြောင်းပေးခဲ့တာလို့ဆိုပါတယ်။ ဒါအပြင် အဲဒီဖမ်းဆီးခံတရုတ်နိုင်ငံသားတွေကို လေကြောင်းကတဆင့် တရုတ်ရဲတပ်ဖွဲ့က ပြန်လည်ခေါ်ဆောင်သွားပြီး မျက်နှာအုပ်ပြီး ဖမ်းဆီးခေါ်ဆောင်ခဲ့တာတွေ့ရပါတယ်။ စက်တင်ဘာ ၂၃ နဲ့ ၂၄ ရက်တွေမှာလည်း စစ်ကောင်စီက မူဆယ်မြို့၊မင်္ဂလာမူဆယ်အိမ်ရာဝန်းထဲက အွန်လိုင်းငွေလိမ်ဂိုဏ်းကိုဝင်ရောက်စီးနင်းခဲ့ပြီး တရုတ်နိုင်ငံသား ၁၉၄ ဦး နဲ့ မြန်မာနိုင်ငံသား ၅၅၅ ဦးတို့ကိုဖမ်းဆီးခဲ့ပါတယ်။ ၃၀ စက်တင်ဘာ ၂၀၂၄ တရုတ်အလိုရှိတဲ့ ချန်တာဝေ့အပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ဆယ်နဲ့ချီကို စစ်တပ်က တရုတ်ကိုလွှဲပေး ဓာတ်ပုံ ရင်းမြစ်, WECHAT ရန်ကုန်နဲ့ မန္တလေးမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား တရားခံပြေး ချန်တာဝေ့နဲ့ ရန်လျန့် အပါအဝင် တရုတ်နိုင်ငံသားတရားခံ ၂၀ ဦးဖမ်းဆီးရမိခဲ့ပြီး တရုတ်နိုင်ငံဘက်ကို ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ စစ်ကောင်စီနဲ့ တရုတ်လုံခြုံရေးဌာနက ရုပ်သံမှတ်တမ်းနဲ့ ထုတ်ပြန်ပါတယ်။ တရားခံတွေကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်း ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံဘက်က လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လက် အရေးယူဆောင်ရွက်နိုင်အောင် စက်တင်ဘာ တတိယပတ်မှာ ပြန်လွှဲပေးခဲ့တာလို့ စစ်ကောင်စီထုတ်ပြန်ချက်မှာဆိုထားပါတယ်။
📥 下载地址(文章中间)
装机神器,可安装一切系统,纯净版,英文版,繁体版 ,精简版,原版等等等
တရုတ်ဘက်က ထုတ်ပြန်တဲ့ ရုပ်သံမှတ်တမ်းတွေမှာတော့ မြန်မာစစ်ကောင်စီလုံခြုံရေးတပ်တွေဖြစ်တဲ့ စစ်တပ်၊ရဲ အပါအဝင် လဝကနဲ့ ထွေအုပ်က တာဝန်ရှိသူတွေက ပူး‌ပေါင်းလွှဲပြောင်းပေးခဲ့တာလို့ဆိုပါတယ်။ ဒါအပြင် အဲဒီဖမ်းဆီးခံတရုတ်နိုင်ငံသားတွေကို လေကြောင်းကတဆင့် တရုတ်ရဲတပ်ဖွဲ့က ပြန်လည်ခေါ်ဆောင်သွားပြီး မျက်နှာအုပ်ပြီး ဖမ်းဆီးခေါ်ဆောင်ခဲ့တာတွေ့ရပါတယ်။ စက်တင်ဘာ ၂၃ နဲ့ ၂၄ ရက်တွေမှာလည်း စစ်ကောင်စီက မူဆယ်မြို့၊မင်္ဂလာမူဆယ်အိမ်ရာဝန်းထဲက အွန်လိုင်းငွေလိမ်ဂိုဏ်းကိုဝင်ရောက်စီးနင်းခဲ့ပြီး တရုတ်နိုင်ငံသား ၁၉၄ ဦး နဲ့ မြန်မာနိုင်ငံသား ၅၅၅ ဦးတို့ကိုဖမ်းဆီးခဲ့ပါတယ်။ ၃၀ စက်တင်ဘာ ၂၀၂၄ သန်းခေါင်စာရင်း ကောက်ဖို့ စစ်ကောင်စီဘယ်လိုပြင်ဆင် စစ်ကောင်စီ က အောက်တိုဘာ ၁ ရက်ကစပြီး ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူမှာဖြစ်ပါတယ်။ နိုင်ငံတဝန်း တိုက်ပွဲတွေပြင်းထန်နေတဲ့ ဒေသတွေမှာ လည်း လုံခြုံရေးတိုးမြှင့်ပြီး အချိန် ၃ လ ထိယူကာ သန်းခေါင်းစာရင်း ကောက်ယူမှုတွေ လုပ်မယ်လို့ စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးမြင့်ကြိုင်က ဘီဘီစီကိုပြောပါတယ်။ ကိုသန့်ဇင် ပြောပြခဲ့တဲ့ ရုပ်သံသတင်းကို ပြန်လည်ကြည့်ရှုနိုင်ပါတယ်။ ဗီဒီယို ပုံစာ, အောက်တိုဘာ လဆန်းက စပြီး သန်းခေါင်စာရင်း ကောက်ဖို့ စစ်ကောင်စီ ပြင်ဆင် ၃၀ စက်တင်ဘာ ၂၀၂၄ သန်းခေါင်စာရင်း ကောက်ဖို့ စစ်ကောင်စီဘယ်လိုပြင်ဆင် စစ်ကောင်စီ က အောက်တိုဘာ ၁ ရက်ကစပြီး ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူမှာဖြစ်ပါတယ်။ နိုင်ငံတဝန်း တိုက်ပွဲတွေပြင်းထန်နေတဲ့ ဒေသတွေမှာ လည်း လုံခြုံရေးတိုးမြှင့်ပြီး အချိန် ၃ လ ထိယူကာ သန်းခေါင်းစာရင်း ကောက်ယူမှုတွေ လုပ်မယ်လို့ စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးမြင့်ကြိုင်က ဘီဘီစီကိုပြောပါတယ်။ ကိုသန့်ဇင် ပြောပြခဲ့တဲ့ ရုပ်သံသတင်းကို ပြန်လည်ကြည့်ရှုနိုင်ပါတယ်။ ၃၀ စက်တင်ဘာ ၂၀၂၄ စစ်တပ်က မင်းတပ်ကို ၂ လအတွင်း လေကြောင်းကနေ အကြိမ် ၄၀ ကျော်ဗုံးကြဲ , မြို့ပေါ်က အိမ် ၃၆ လုံး မီးရှို့ခံရ ဓာတ်ပုံ ရင်းမြစ်, HKL Mindat ဓာတ်ပုံ ပုံစာ, မင်းတပ်ကို လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်း အပျက်အစီးအချို့ သြဂုတ်နဲ့ စက်တင်ဘာ ၂ လအတွင်း စစ်ကောင်စီတပ်က ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို လေကြောင်းကနေ ၄၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF) မင်းတပ်က စက်တင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။ မင်းတပ်မြို့နယ်ထဲက တိုက်နယ် ၃ ကို လေကြောင်း ၁၄ ကြိမ်အထိ တိုက်ခိုက်ခံခဲ့ရပြီး တခြားတိုက်နယ်တွေထက် ပစ်မှတ်ထားတိုက်ခံနေရတာဖြစ်ပါတယ်။ လေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူ ၁ ဦး ထိခိုက်ကာ စာသင်ကျောင်း၊ ဘော်ဒါဆောင်နဲ့ လူနေအိမ် ဆယ်ကျော်လည်း ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဓာတ်ပုံ ရင်းမြစ်, HKL Mindat ဓာတ်ပုံ ပုံစာ, မင်းတပ်မြို့နယ်ထဲမှာ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပျက်စီးမှု ဒါအပြင် ကာကွယ်ရေးတပ်တွေ ထိန်းချုပ်နိုင်ခြင်းမရှိသေးတဲ့ မင်းတပ်မြို့ပေါ်က လူနေအိမ် ၃၆ လုံးကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုထားတာပါ။ စစ်ကောင်စီက မင်းတပ်မြို့အခြေစိုက် ခြေလျင်တပ်ရင်း ခလရ ၂၇၄ ကိုလည်း လေကြောင်းကနေ လက်နက်၊ ခဲယမ်းနဲ့ ရိက္ခာ ၅၃ ကြိမ်ထောက်ပို့ပေးခဲ့တယ်လို့ CDF မင်းတပ် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီကနေ ဇူလိုင်လအထိ စစ်ကောင်စီက မင်းတပ်မြို့နယ်ကို လေကြောင်းတိုက်ခိုက်မှု ၈၄ ကြိမ်လုပ်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုတွေအတွင်း ပြည်သူ ၈ ဦး သေဆုံးပြီး ၅၀ ကျော်ဒဏ်ရာရခဲ့တယ်လို့ CDF မင်းတပ်က သြဂုတ်လအတွင်းမှာ ထုတ်ပြန်ထားပါတယ်။ တူမီးပေါ်က အက်ကြောင်းများ - ချင်းပြည်သူ့ သဘောထား မျက်ကွယ်ပြုခံနေရသလား ၃၀ စက်တင်ဘာ ၂၀၂၄ စစ်တပ်က မင်းတပ်ကို ၂ လအတွင်း လေကြောင်းကနေ အကြိမ် ၄၀ ကျော်ဗုံးကြဲ , မြို့ပေါ်က အိမ် ၃၆ လုံး မီးရှို့ခံရ ဓာတ်ပုံ ရင်းမြစ်, HKL Mindat သြဂုတ်နဲ့ စက်တင်ဘာ ၂ လအတွင်း စစ်ကောင်စီတပ်က ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို လေကြောင်းကနေ ၄၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF) မင်းတပ်က စက်တင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။ မင်းတပ်မြို့နယ်ထဲက တိုက်နယ် ၃ ကို လေကြောင်း ၁၄ ကြိမ်အထိ တိုက်ခိုက်ခံခဲ့ရပြီး တခြားတိုက်နယ်တွေထက် ပစ်မှတ်ထားတိုက်ခံနေရတာဖြစ်ပါတယ်။ လေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူ ၁ ဦး ထိခိုက်ကာ စာသင်ကျောင်း၊ ဘော်ဒါဆောင်နဲ့ လူနေအိမ် ဆယ်ကျော်လည်း ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဓာတ်ပုံ ရင်းမြစ်, HKL Mindat ဒါအပြင် ကာကွယ်ရေးတပ်တွေ ထိန်းချုပ်နိုင်ခြင်းမရှိသေးတဲ့ မင်းတပ်မြို့ပေါ်က လူနေအိမ် ၃၆ လုံးကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုထားတာပါ။ စစ်ကောင်စီက မင်းတပ်မြို့အခြေစိုက် ခြေလျင်တပ်ရင်း ခလရ ၂၇၄ ကိုလည်း လေကြောင်းကနေ လက်နက်၊ ခဲယမ်းနဲ့ ရိက္ခာ ၅၃ ကြိမ်ထောက်ပို့ပေးခဲ့တယ်လို့ CDF မင်းတပ် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီကနေ ဇူလိုင်လအထိ စစ်ကောင်စီက မင်းတပ်မြို့နယ်ကို လေကြောင်းတိုက်ခိုက်မှု ၈၄ ကြိမ်လုပ်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုတွေအတွင်း ပြည်သူ ၈ ဦး သေဆုံးပြီး ၅၀ ကျော်ဒဏ်ရာရခဲ့တယ်လို့ CDF မင်းတပ်က သြဂုတ်လအတွင်းမှာ ထုတ်ပြန်ထားပါတယ်။ တူမီးပေါ်က အက်ကြောင်းများ - ချင်းပြည်သူ့ သဘောထား မျက်ကွယ်ပြုခံနေရသလား ၃၀ စက်တင်ဘာ ၂၀၂၄ လားရှိုးမြို့ ကို စစ်ကောင်စီ လေကြောင်းကနေ ဗုံးထပ်ကြဲ , စက်တင်ဘာ တစ်လအတွင်း လေကြောင်းကနေ ၉ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ ဓာတ်ပုံ ရင်းမြစ်, FYV ဓာတ်ပုံ ပုံစာ, ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက် မနက်အစောပိုင်း၊ လားရှိုးမြို့ ၊ရပ်ကွက် ၁၁၊ အောင်စေတနာလမ်းသွယ် ၂ လမ်းထိပ်က လေကြောင်းဗုံးထိမှန်ခဲ့တဲ့အိမ် စစ်ကောင်စီက ကိုးကန့်တပ် MNDAA သိမ်းထားတဲ့ လားရှိုးမြို့ကို စက်တင်ဘာ ၃၀ ရက် မနက်အစောပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။ တစ်ရက်တည်းမှာ လေကြောင်း ကနေ ၃ ကြိမ် ဗုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး လားရှိုးမြို့ ၊ရပ်ကွက် ၈ က ကားဝပ်ရှေ့ နဲ့ ရပ်ကွက် ၁၁ အောင်စေတနာလမ်းသွယ် ၂ လမ်း ထိပ်က လူနေအိမ် ၂ အိမ်ပေါ်ကို ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ “လူတစ်ယောက်ထိပါတယ်။ ပြည်သူပါပဲ။ ကျန်တဲ့ သေဆုံးမှုတော့မရှိပါဘူး”လို့ လားရှိုးမြို့မှာနေထိုင်သူတစ်ဦး ကပြောပါတယ်။ ဒါဟာ စက်တင်ဘာ တစ်လအတွင်း လားရှိုးမြို့ကို စစ်ကောင်စီ က ၉ ကြိမ် မြောက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။ လားရှိုးမြို့ကို MNDAA ကသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက မြို့ပေါ်ကို သြဂုတ် ၃၀ ရက်က စပြီး လေကြောင်းတိုက်ခိုက်တာတွေလုပ်လာပြီး အခုတစ်လပြည့်ချိန်မှာ အရပ်သား ၃ ဦး သေဆုံးကာ ၃၉ ဦးထိခိုက်ဒဏ်ရာရခဲ့ တယ်လို့ MNDAA ရဲ့စာရင်းကဖော်ပြနေပါတယ်။ နိုင်ငံတော်ရဲ့ဆုံးရှုံးနစ်နာမှုတွေကိုထောက်ရှုပြီးPDF (ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ) တိုင်းရင်းသား လက်နက်ကိုင် တပ်အဖွဲ့အစည်းတွေအနေ နဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ရေး ကမ်းလှမ်းဖိတ်ခေါ်တယ်လို့ စစ်ကောင်စီက စက်တင်ဘာ ၂၆ ရက်ညမှာ ကြေညာထားခဲ့ပေမယ့် လေကြောင်းက နေဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်‌လုပ်‌နေတယ်လို့ မြို့ခံတွေက ဝေဖန်နေကြပါတယ်။ ဗီဒီယို ပုံစာ, စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု အရပ်သား သေဆုံးမှုတိုး ၃၀ စက်တင်ဘာ ၂၀၂၄ လားရှိုးမြို့ ကို စစ်ကောင်စီ လေကြောင်းကနေ ဗုံးထပ်ကြဲ , စက်တင်ဘာ တစ်လအတွင်း လေကြောင်းကနေ ၉ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ ဓာတ်ပုံ ရင်းမြစ်, FYV စစ်ကောင်စီက ကိုးကန့်တပ် MNDAA သိမ်းထားတဲ့ လားရှိုးမြို့ကို စက်တင်ဘာ ၃၀ ရက် မနက်အစောပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။ တစ်ရက်တည်းမှာ လေကြောင်း ကနေ ၃ ကြိမ် ဗုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး လားရှိုးမြို့ ၊ရပ်ကွက် ၈ က ကားဝပ်ရှေ့ နဲ့ ရပ်ကွက် ၁၁ အောင်စေတနာလမ်းသွယ် ၂ လမ်း ထိပ်က လူနေအိမ် ၂ အိမ်ပေါ်ကို ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ “လူတစ်ယောက်ထိပါတယ်။ ပြည်သူပါပဲ။ ကျန်တဲ့ သေဆုံးမှုတော့မရှိပါဘူး”လို့ လားရှိုးမြို့မှာနေထိုင်သူတစ်ဦး ကပြောပါတယ်။ ဒါဟာ စက်တင်ဘာ တစ်လအတွင်း လားရှိုးမြို့ကို စစ်ကောင်စီ က ၉ ကြိမ် မြောက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။ လားရှိုးမြို့ကို MNDAA ကသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက မြို့ပေါ်ကို သြဂုတ် ၃၀ ရက်က စပြီး လေကြောင်းတိုက်ခိုက်တာတွေလုပ်လာပြီး အခုတစ်လပြည့်ချိန်မှာ အရပ်သား ၃ ဦး သေဆုံးကာ ၃၉ ဦးထိခိုက်ဒဏ်ရာရခဲ့ တယ်လို့ MNDAA ရဲ့စာရင်းကဖော်ပြနေပါတယ်။ နိုင်ငံတော်ရဲ့ဆုံးရှုံးနစ်နာမှုတွေကိုထောက်ရှုပြီးPDF (ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ) တိုင်းရင်းသား လက်နက်ကိုင် တပ်အဖွဲ့အစည်းတွေအနေ နဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ရေး ကမ်းလှမ်းဖိတ်ခေါ်တယ်လို့ စစ်ကောင်စီက စက်တင်ဘာ ၂၆ ရက်ညမှာ ကြေညာထားခဲ့ပေမယ့် လေကြောင်းက နေဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်‌လုပ်‌နေတယ်လို့ မြို့ခံတွေက ဝေဖန်နေကြပါတယ်။ ၃၀ စက်တင်ဘာ ၂၀၂၄ အာဏာသိမ်းကာလအတွင်း မြန်မာမှာ ဂျပန်နိုင်ငံသား ၃ ဦးဖမ်းဆီးခံခဲ့ရ ဓာတ်ပုံ ရင်းမြစ်, AFP ဓာတ်ပုံ ပုံစာ, ၂ဝ၂၂ ခုနှစ်၊ နိုဝင်ဘာလ၊ အင်းစိန်ထောင်ကနေပြန်လွတ်လာပြီး ဂျပန်နိုင်ငံမှာသတင်းစာရှင်းလင်းပွဲလုပ်ခဲ့တဲ့ တိုရူကူဘိုတာ နဲ့ ယူကီကီတာဇူ (ပုံ‌ဟောင်း) မြန်မာမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကစလို့ ၄ နှစ်တာနီးပါးကာလအတွင်း မြန်မာနိုင်ငံထဲမှာရှိတဲ့ ဂျပန်နိုင်ငံသား အနည်းဆုံး ၃ ယောက်ကိုဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့ ဂျပန်သတင်းတွေကဖော်ပြပါတယ်။ ဖမ်းဆီးခံရသူ ၃ ဦးမှာ သတင်းထောက် ၂ ဦးပါဝင်ပြီး နောက်တစ်ယောက်ကတော့ အေရွန်ကုမ္ပဏီရဲ့ အကြီးအကဲ ကာဆာမတ်ဆု ဖြစ်ပါတယ်။ ဂျပန်သတင်းထောက် ယူကီခိတဇုမိက ပထမဆုံးဖမ်းဆီးခံခဲ့ရတဲ့သူဖြစ်သလို နှစ်ကြိမ်ဖမ်းဆီးခံခဲ့ရတာပါ။ ၂၀၂၁ ဖေဖော်ဝါရီမှာ ဂျပန်သတင်းထောက် ယူကီခိတဇုမိကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရိုက်နှက်ဖမ်းဆီးခဲ့ပြီး ပြန်လွှတ်ခဲ့ပေမယ့် ဧပြီလမှာထပ်မံဖမ်းဆီးခဲ့ပါတယ်။ နောက်ထပ်သတင်းထောက်တစ်ယောက်ဖြစ်တဲ့ တိုရူကူဘိုတာကတော့ ၂၀၂၂ ခုနှစ်အတွင်း တောင်ဒဂုံ ဆန္ဒထုတ်ဖော်ပွဲမှာ မြန်မာနိုင်ငံသားတွေနဲ့အတူ ဖမ်းဆီးခံခဲ့ရပါတယ်။ စီးပွားရေးသမားဖြစ်တဲ့ ဂျပန်နိုင်ငံသား ကာဆာမတ်ဆုကတော့ စစ်ကောင်စီက သတ်မှတ်ဆန်ဈေးနှုန်းထက် ကျော်လွန်ရောင်းချတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အေရွန်ကုမ္ပဏီအကြီးအကဲဖြစ်တဲ့ သူ့ကို ၂၀၂၄ခုနှစ် ဇွန်လထဲမှာ ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။ ဂျပန်သွားဖို့ မဖြစ်မနေ သိသင့်တဲ့အချက် ၅ ချက် လက်ရှိမှာ ဒီ ၃ ဦးစလုံးက မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ ပြန်လည်လွှတ်မြောက်ခဲ့ပြီဖြစ်ပါတယ်။ အာဏာသိမ်းကာလ ၄ နှစ်နီးပါးကာလကိုရောက်ရှိလာချိန်မှာတော့ ဂျပန်အစိုးရဘက်က လက်ရှိမြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနေရာအတွက် သံအမတ်အသစ် စေလွှတ်တော့မှာမဟုတ်ဘဲ ဝန်ကြီးအဆင့်ရှိသူတစ်ဦးက သံရုံးတာဝန်ခံအဖြစ် လွှဲပြောင်းတာဝန်ယူမယ်လို့ ဂျပန်သတင်းတွေကဖော်ပြထားပါတယ်။ ၃၀ စက်တင်ဘာ ၂၀၂၄ အာဏာသိမ်းကာလအတွင်း မြန်မာမှာ ဂျပန်နိုင်ငံသား ၃ ဦးဖမ်းဆီးခံခဲ့ရ ဓာတ်ပုံ ရင်းမြစ်, AFP မြန်မာမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကစလို့ ၄ နှစ်တာနီးပါးကာလအတွင်း မြန်မာနိုင်ငံထဲမှာရှိတဲ့ ဂျပန်နိုင်ငံသား အနည်းဆုံး ၃ ယောက်ကိုဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့ ဂျပန်သတင်းတွေကဖော်ပြပါတယ်။ ဖမ်းဆီးခံရသူ ၃ ဦးမှာ သတင်းထောက် ၂ ဦးပါဝင်ပြီး နောက်တစ်ယောက်ကတော့ အေရွန်ကုမ္ပဏီရဲ့ အကြီးအကဲ ကာဆာမတ်ဆု ဖြစ်ပါတယ်။ ဂျပန်သတင်းထောက် ယူကီခိတဇုမိက ပထမဆုံးဖမ်းဆီးခံခဲ့ရတဲ့သူဖြစ်သလို နှစ်ကြိမ်ဖမ်းဆီးခံခဲ့ရတာပါ။ ၂၀၂၁ ဖေဖော်ဝါရီမှာ ဂျပန်သတင်းထောက် ယူကီခိတဇုမိကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရိုက်နှက်ဖမ်းဆီးခဲ့ပြီး ပြန်လွှတ်ခဲ့ပေမယ့် ဧပြီလမှာထပ်မံဖမ်းဆီးခဲ့ပါတယ်။ နောက်ထပ်သတင်းထောက်တစ်ယောက်ဖြစ်တဲ့ တိုရူကူဘိုတာကတော့ ၂၀၂၂ ခုနှစ်အတွင်း တောင်ဒဂုံ ဆန္ဒထုတ်ဖော်ပွဲမှာ မြန်မာနိုင်ငံသားတွေနဲ့အတူ ဖမ်းဆီးခံခဲ့ရပါတယ်။ စီးပွားရေးသမားဖြစ်တဲ့ ဂျပန်နိုင်ငံသား ကာဆာမတ်ဆုကတော့ စစ်ကောင်စီက သတ်မှတ်ဆန်ဈေးနှုန်းထက် ကျော်လွန်ရောင်းချတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အေရွန်ကုမ္ပဏီအကြီးအကဲဖြစ်တဲ့ သူ့ကို ၂၀၂၄ခုနှစ် ဇွန်လထဲမှာ ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။ ဂျပန်သွားဖို့ မဖြစ်မနေ သိသင့်တဲ့အချက် ၅ ချက် လက်ရှိမှာ ဒီ ၃ ဦးစလုံးက မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ ပြန်လည်လွှတ်မြောက်ခဲ့ပြီဖြစ်ပါတယ်။ အာဏာသိမ်းကာလ ၄ နှစ်နီးပါးကာလကိုရောက်ရှိလာချိန်မှာတော့ ဂျပန်အစိုးရဘက်က လက်ရှိမြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနေရာအတွက် သံအမတ်အသစ် စေလွှတ်တော့မှာမဟုတ်ဘဲ ဝန်ကြီးအဆင့်ရှိသူတစ်ဦးက သံရုံးတာဝန်ခံအဖြစ် လွှဲပြောင်းတာဝန်ယူမယ်လို့ ဂျပန်သတင်းတွေကဖော်ပြထားပါတယ်။ ၃၀ စက်တင်ဘာ ၂၀၂၄ မိတ္ထီလာ ကို နေပြည်တော်လိုလုပ်မယ်လို့ စစ်ခေါင်းဆောင်ပြော ဓာတ်ပုံ ရင်းမြစ်, CINCDS ဓာတ်ပုံ ပုံစာ, ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ သာစည်-မန္တလေး မီးရထား လမ်းပိုင်းပေါ်က စမုံချောင်းတံတား ပြုပြင်နေတာကို သွားကြည့်တဲ့ စစ်ခေါင်းဆောင် မိတ္ထီလာဟာ လမ်းပန်းဆက်သွယ်ရေး၊ ကူးသန်း ရောင်းဝယ်ရေးနဲ့ပတ်သက်ပြီး အချက်အခြာကျတဲ့ လမ်းဆုံမြို့ဖြစ်တာကြောင့် စံပြနေရာတစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့ရဲ့ မိတ္ထီလာခရီးမှာ ပြောပါတယ်။ မိတ္ထီလာဒေသရဲ့ အကျယ်အဝန်းနဲ့ နေပြည်တော်ကောင်စီနယ်မြေရဲ့ အကျယ်အဝန်း ကွာဟမှုဟာ အနည်းငယ်သာရှိသလို လူဦးရေအနေနဲ့ မိတ္ထီလာမှာ ၉ သိန်းကျော်ရှိပြီး နေပြည်တော်မှာ ၁ သန်းကျော်ခန့်ရှိတာကြောင့် နေပြည်တော်ကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်သလို မိတ္ထီလာဒေသကိုလည်း စံပြနေရာတစ်ခုအဖြစ်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေတယ်လို့ လည်း စစ်ခေါင်းဆောင်က ထည့်ပြောပါတယ်။ မိတ္ထီလာ ရဲ့ တည်နေရာအနေအထားအရ နိုင်ငံအလယ်ပိုင်းမှာရှိသလို ကုန်သွယ်မှုဗဟို ကျပြီး ပညာရေးနဲ့ ပတ်သက်တဲ့ တက္ကသိုလ်၊ ကောလိပ်တွေ ပြည့်စုံစွာရှိတဲ့ ခရိုင်တစ်ခုဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒါတင်မက သွားလာမှုမှာလည်း အဆင်ပြေလွယ်ကူတဲ့ မြေအနေအထားကို ပိုင်ဆိုင်ထားတဲ့ ဒေသတစ်ခုဖြစ်တာကြောင့် လုပ်ငန်းတွေဆောင်ရွက်ဖို့ အဆင်ပြေချောမွေ့တဲ့ဒေသလို့လည်း ပြောထားပါတယ် '' မိတ္ထီလာခရိုင် ဖွံ့ဖြိုးတိုးတက်စေရေး မျှော်မှန်းဆောင်ရွက်နေပါတယ်။ အဲဒီလိုဆောင်ရွက်ရာမှာ သာမန်ဆောင်ရွက်နေခြင်းမျိုးမဟုတ်ဘဲ အား ထည့်ဆောင်ရွက်သွားဖို့လိုပြီး အချိန်ကိုအကျိုးရှိစွာ အသုံးချကြစေလိုတယ်'' လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။ စစ်ရေးပူနေချိန် မြို့ရိုးဖော်၊ အပင်စိုက်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်ကောင်စီ မူဝါဒပြောင်းသလား၊ နိုင်ငံရေးကစားသလား စစ်ခေါင်းဆောင်ဟာ မကြာခဏဆိုသလို မိတ္ထီလာဒေသကိုသွားပြီး တပ်မိသားစုတွေ၊ မြို့ခံဌာနဆိုင်ရာတွေနဲ့ တွေ့ဆုံနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန် ဒုတိယပတ်ကလည်း စစ်ခေါင်းဆောင်က မိတ္ထီလာကိုသွားထားပြီး အဲဒီခရီးစဥ်မှာပဲ ၂၀၂၅ ရွေးကောက်ပွဲလုပ်မယ်လို့ ထုတ်ပြောခဲ့တာဖြစ်ပါတယ်။ '' မိတ္ထီလာက နေပြည်တော်ထက်စိတ်ချရတယ်လေ။ နေပြည်တော်ထဲမှာတောင် လုံခြုံရေးစိတ်မချလာရတော့ မိတ္ထီလာကို စစ်တပ်ဘက်က ပိုပြီးလည်း သူတို့စဥ်းစားလာတာပေါ့။ မိတ္ထီလာက အနောက်ဘက်သွားရင် ကျောက်ပန်းတောင် ကနေ ပုဂံ၊ အနောက်မြောက်ဆို မလှိုင်၊မြင်းခြံ၊တောင်သာ၊ ဝမ်းတွင်းရှိမယ်။နောက် သာစည် ဘက်ကနေ ရှမ်းပြည်သွားလို့ရတယ်။နောက်တခုက နေပြည်တော် နဲ့ ဆက်စပ်မြို့နယ်တွေလည်း ကပ်နေတော့ ဒီမြို့ကို သူစဥ်းစားလာတာ။ ကန်ရှိတေ့ ရေကလည်းအဆင်ပြေတယ်။ လုံခြုံရေးက ၉၉ တပ်မ တခုလုံးရှိတယ်။ ရှမ်းတဲလေတပ်ရှိတယ်။ ဆိုတော့ သူတို့ ( စစ်တပ်) အတွက်အားလုံးအဆင်ပြေတယ်လို့ ယူဆမှာ‌ပေါ့'' လို့ မိတ္ထီလာက မြို့ခံတစ်ဦးက ‌ပြောပါတယ်။ ဗီဒီယို ပုံစာ, စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက် နဲ့ NUG ရဲ့ သဘောထား ၃၀ စက်တင်ဘာ ၂၀၂၄ မိတ္ထီလာ ကို နေပြည်တော်လိုလုပ်မယ်လို့ စစ်ခေါင်းဆောင်ပြော ဓာတ်ပုံ ရင်းမြစ်, CINCDS မိတ္ထီလာဟာ လမ်းပန်းဆက်သွယ်ရေး၊ ကူးသန်း ရောင်းဝယ်ရေးနဲ့ပတ်သက်ပြီး အချက်အခြာကျတဲ့ လမ်းဆုံမြို့ဖြစ်တာကြောင့် စံပြနေရာတစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့ရဲ့ မိတ္ထီလာခရီးမှာ ပြောပါတယ်။ မိတ္ထီလာဒေသရဲ့ အကျယ်အဝန်းနဲ့ နေပြည်တော်ကောင်စီနယ်မြေရဲ့ အကျယ်အဝန်း ကွာဟမှုဟာ အနည်းငယ်သာရှိသလို လူဦးရေအနေနဲ့ မိတ္ထီလာမှာ ၉ သိန်းကျော်ရှိပြီး နေပြည်တော်မှာ ၁ သန်းကျော်ခန့်ရှိတာကြောင့် နေပြည်တော်ကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်သလို မိတ္ထီလာဒေသကိုလည်း စံပြနေရာတစ်ခုအဖြစ်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေတယ်လို့ လည်း စစ်ခေါင်းဆောင်က ထည့်ပြောပါတယ်။ မိတ္ထီလာ ရဲ့ တည်နေရာအနေအထားအရ နိုင်ငံအလယ်ပိုင်းမှာရှိသလို ကုန်သွယ်မှုဗဟို ကျပြီး ပညာရေးနဲ့ ပတ်သက်တဲ့ တက္ကသိုလ်၊ ကောလိပ်တွေ ပြည့်စုံစွာရှိတဲ့ ခရိုင်တစ်ခုဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒါတင်မက သွားလာမှုမှာလည်း အဆင်ပြေလွယ်ကူတဲ့ မြေအနေအထားကို ပိုင်ဆိုင်ထားတဲ့ ဒေသတစ်ခုဖြစ်တာကြောင့် လုပ်ငန်းတွေဆောင်ရွက်ဖို့ အဆင်ပြေချောမွေ့တဲ့ဒေသလို့လည်း ပြောထားပါတယ် '' မိတ္ထီလာခရိုင် ဖွံ့ဖြိုးတိုးတက်စေရေး မျှော်မှန်းဆောင်ရွက်နေပါတယ်။ အဲဒီလိုဆောင်ရွက်ရာမှာ သာမန်ဆောင်ရွက်နေခြင်းမျိုးမဟုတ်ဘဲ အား ထည့်ဆောင်ရွက်သွားဖို့လိုပြီး အချိန်ကိုအကျိုးရှိစွာ အသုံးချကြစေလိုတယ်'' လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။ စစ်ရေးပူနေချိန် မြို့ရိုးဖော်၊ အပင်စိုက်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်ကောင်စီ မူဝါဒပြောင်းသလား၊ နိုင်ငံရေးကစားသလား စစ်ခေါင်းဆောင်ဟာ မကြာခဏဆိုသလို မိတ္ထီလာဒေသကိုသွားပြီး တပ်မိသားစုတွေ၊ မြို့ခံဌာနဆိုင်ရာတွေနဲ့ တွေ့ဆုံနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန် ဒုတိယပတ်ကလည်း စစ်ခေါင်းဆောင်က မိတ္ထီလာကိုသွားထားပြီး အဲဒီခရီးစဥ်မှာပဲ ၂၀၂၅ ရွေးကောက်ပွဲလုပ်မယ်လို့ ထုတ်ပြောခဲ့တာဖြစ်ပါတယ်။ '' မိတ္ထီလာက နေပြည်တော်ထက်စိတ်ချရတယ်လေ။ နေပြည်တော်ထဲမှာတောင် လုံခြုံရေးစိတ်မချလာရတော့ မိတ္ထီလာကို စစ်တပ်ဘက်က ပိုပြီးလည်း သူတို့စဥ်းစားလာတာပေါ့။ မိတ္ထီလာက အနောက်ဘက်သွားရင် ကျောက်ပန်းတောင် ကနေ ပုဂံ၊ အနောက်မြောက်ဆို မလှိုင်၊မြင်းခြံ၊တောင်သာ၊ ဝမ်းတွင်းရှိမယ်။နောက် သာစည် ဘက်ကနေ ရှမ်းပြည်သွားလို့ရတယ်။နောက်တခုက နေပြည်တော် နဲ့ ဆက်စပ်မြို့နယ်တွေလည်း ကပ်နေတော့ ဒီမြို့ကို သူစဥ်းစားလာတာ။ ကန်ရှိတေ့ ရေကလည်းအဆင်ပြေတယ်။ လုံခြုံရေးက ၉၉ တပ်မ တခုလုံးရှိတယ်။ ရှမ်းတဲလေတပ်ရှိတယ်။ ဆိုတော့ သူတို့ ( စစ်တပ်) အတွက်အားလုံးအဆင်ပြေတယ်လို့ ယူဆမှာ‌ပေါ့'' လို့ မိတ္ထီလာက မြို့ခံတစ်ဦးက ‌ပြောပါတယ်။ ၃၀ စက်တင်ဘာ ၂၀၂၄ မြန်မာနိုင်ငံကို ဂျပန်က သံအမတ်အသစ်စေလွှတ်မှာ မဟုတ်တော့ ဓာတ်ပုံ ရင်းမြစ်, Embassy of Japan in Myanmar ဓာတ်ပုံ ပုံစာ, သံအမတ်ကြီး မစ္စတာ အီချီရို မာရုယာမ (ပုံဟောင်း) ဂျပန်နိုင်ငံဟာ ပြီးခဲ့တဲ့တစ်ပတ်က တာဝန်ပြီးဆုံးလို့ ဂျပန်နိုင်ငံကို ပြန်လည်ထွက်ခွာသွားတဲ့ သံအမတ်ကြီး မစ္စတာ အီချီရို မာရုယာမ နေရာအတွက် သံတမန်တစ်ဦးကို ထပ်မံစေလွှတ်မှာမဟုတ်ဘူးလို့ ဂျပန်သတင်းတွေမှာဖော်ပြပါတယ်။ ဒါဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဂျပန်ဘက်နဲ့မြန်မာနဲ့ ဆက်ဆံရေးအပေါ်မှာ အပြောင်းအလဲလုပ် လာတာဖြစ်ပါတယ်။ ဂျပန်သံအမတ်အသစ်သာစေလွှတ်မယ်ဆိုရင် ရွေးကောက်ခံဒေါ်အောင်ဆန်းစုကြည်အစိုးရကို ဖယ်ထုတ်ပြီး အာဏာသိမ်းထားတဲ့ စစ်တပ်ရဲ့ အသိအမှတ်ပြုမှု လိုအပ်လာပြီး တဖက်မှာလည်း ဂျပန်နိုင်ငံအနေနဲ့ ထောက်ခံသလိုဖြစ်နိုင်တယ်လို့ သံတမန်သတင်းအရင်းအမြစ်တွေက ဆိုတယ်လို့ ပြောထားပါတယ်။ အနောက်နိုင်ငံတွေနဲ့မတူဘဲ ဂျပန်နိုင်ငံဟာ မြန်မာစစ်တပ်နဲ့ဆက်စပ်သူတွေရဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် ပိတ်ဆို့ အရေးယူမှုတွေမလုပ်ခဲ့ဘူးလို့လည်း သတင်းအရင်းအမြစ်တွေက ပြောထားတာပါ။ မြန်မာ- ဂျပန် ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ အာဏာရှင် ဆန့်ကျင်ကြောင်း လက်သုံးချောင်းထောင်ဆန္ဒပြခဲ့တဲ့ မြန်မာ့လက်ရွေးစင်ဂိုးသမား ကိုပြည့်သျှံအောင်နဲ့ မေးမြန်းချက် ဂျပန်ကို မြန်မာတွေ ဘယ်လိုဗီဇာတွေနဲ့ သွားနိုင်လဲ ဂျပန်သံအမတ်ကြီး မစ္စတာ အီချီရို မာရုယာမဟာ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးအဖြစ် ၂၀၁၈ ခုနှစ်ကတည်းက စတင်တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။ မစ္စတာ အီချီရို မာရုယာမနောက်မှာတော့ လက်ရှိရန်ကုန်က ဂျပန်သံရုံးအကြီးအကဲ ရှိုဂို ယိုရှီတာကဲက သံတမန်ရေးတာဝန်တွေကို ဆက်လက်တာဝန်ယူသွားမယ်လို့ ဂျပန်သတင်းမှာ ဆိုထားပါတယ်။ တဖက်မှာလည်း ဒါဟာ ဂျပန်နိုင်ငံအနေနဲ့ မြန်မာစစ်ကောင်စီနဲ့ သံခင်းတမန်ခင်း လျှော့ချလိုက်တယ်လို့ ဆိုလိုရာလည်းရောက်နေပါတယ်။ စစ်ကောင်စီဘက်ကတော့ ဒါနဲ့ ပတ်သက်ပြီး တစုံတရာ ထုတ်ပြန်တာမရှိသေးသလို ဘီဘီစီက လည်း စစ်ကောင်စီရဲ့မှတ်ချက်ရဖို့ ကြိုးစားနေပါတယ်။ ၃၀ စက်တင်ဘာ ၂၀၂၄ မြန်မာနိုင်ငံကို ဂျပန်က သံအမတ်အသစ်စေလွှတ်မှာ မဟုတ်တော့ ဓာတ်ပုံ ရင်းမြစ်, Embassy of Japan in Myanmar ဂျပန်နိုင်ငံဟာ ပြီးခဲ့တဲ့တစ်ပတ်က တာဝန်ပြီးဆုံးလို့ ဂျပန်နိုင်ငံကို ပြန်လည်ထွက်ခွာသွားတဲ့ သံအမတ်ကြီး မစ္စတာ အီချီရို မာရုယာမ နေရာအတွက် သံတမန်တစ်ဦးကို ထပ်မံစေလွှတ်မှာမဟုတ်ဘူးလို့ ဂျပန်သတင်းတွေမှာဖော်ပြပါတယ်။ ဒါဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဂျပန်ဘက်နဲ့မြန်မာနဲ့ ဆက်ဆံရေးအပေါ်မှာ အပြောင်းအလဲလုပ် လာတာဖြစ်ပါတယ်။ ဂျပန်သံအမတ်အသစ်သာစေလွှတ်မယ်ဆိုရင် ရွေးကောက်ခံဒေါ်အောင်ဆန်းစုကြည်အစိုးရကို ဖယ်ထုတ်ပြီး အာဏာသိမ်းထားတဲ့ စစ်တပ်ရဲ့ အသိအမှတ်ပြုမှု လိုအပ်လာပြီး တဖက်မှာလည်း ဂျပန်နိုင်ငံအနေနဲ့ ထောက်ခံသလိုဖြစ်နိုင်တယ်လို့ သံတမန်သတင်းအရင်းအမြစ်တွေက ဆိုတယ်လို့ ပြောထားပါတယ်။ အနောက်နိုင်ငံတွေနဲ့မတူဘဲ ဂျပန်နိုင်ငံဟာ မြန်မာစစ်တပ်နဲ့ဆက်စပ်သူတွေရဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် ပိတ်ဆို့ အရေးယူမှုတွေမလုပ်ခဲ့ဘူးလို့လည်း သတင်းအရင်းအမြစ်တွေက ပြောထားတာပါ။ မြန်မာ- ဂျပန် ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ အာဏာရှင် ဆန့်ကျင်ကြောင်း လက်သုံးချောင်းထောင်ဆန္ဒပြခဲ့တဲ့ မြန်မာ့လက်ရွေးစင်ဂိုးသမား ကိုပြည့်သျှံအောင်နဲ့ မေးမြန်းချက် ဂျပန်ကို မြန်မာတွေ ဘယ်လိုဗီဇာတွေနဲ့ သွားနိုင်လဲ ဂျပန်သံအမတ်ကြီး မစ္စတာ အီချီရို မာရုယာမဟာ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးအဖြစ် ၂၀၁၈ ခုနှစ်ကတည်းက စတင်တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။ မစ္စတာ အီချီရို မာရုယာမနောက်မှာတော့ လက်ရှိရန်ကုန်က ဂျပန်သံရုံးအကြီးအကဲ ရှိုဂို ယိုရှီတာကဲက သံတမန်ရေးတာဝန်တွေကို ဆက်လက်တာဝန်ယူသွားမယ်လို့ ဂျပန်သတင်းမှာ ဆိုထားပါတယ်။ တဖက်မှာလည်း ဒါဟာ ဂျပန်နိုင်ငံအနေနဲ့ မြန်မာစစ်ကောင်စီနဲ့ သံခင်းတမန်ခင်း လျှော့ချလိုက်တယ်လို့ ဆိုလိုရာလည်းရောက်နေပါတယ်။ စစ်ကောင်စီဘက်ကတော့ ဒါနဲ့ ပတ်သက်ပြီး တစုံတရာ ထုတ်ပြန်တာမရှိသေးသလို ဘီဘီစီက လည်း စစ်ကောင်စီရဲ့မှတ်ချက်ရဖို့ ကြိုးစားနေပါတယ်။
📥 下载地址(文章结尾)
装机神器,可安装一切系统,纯净版,英文版,繁体版 ,精简版,原版等等等